
ကျတော် ဒီနေ့ ကတော့ မွေတော်ကက္ကူ ဘုရား သမိုင်း အကျဉ်း ကို ရှင်းပြတဲ့ ပုံစံ နဲ့ဖတ်ရှုတင်ပြ ပေးသွားမှာ ဖစ်ပီး video ကိုတော့ ညပိုင်းတင်ပေးသွားမှာ ဖစ်ပါတယ်။
မွေတော်ကက္ကူ ဘုရားသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တစ်လုံးမြို့နယ်၊ နောင်ခုဲင်း ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင်တည်ရှိလေသည်။ ထိုကျေးရွာတွင် ပအိုဝ်း လူမျိုးတို့ နေထိုင်ကြပြီး ရှေးဟောင်း သမိုင်း၀င်စေတီ မြောက်များစွာ စုဝေးရာနေရာလည်းဖြစ် ပါသည်။
knowledge
religion
positivevibes
pagodao
foryoupage
ကျတော် ဒီနေ့ ကတော့ မွေတော်ကက္ကူ ဘုရား သမိုင်း အကျဉ်း ကိုဖတ်ရှုတင်ပြ ပေးသွားမှာ ဖစ်ပါတယ်။
မွေတော်ကက္ကူ ဘုရားသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တစ်လုံးမြို့နယ်၊ နောင်ခိုင်ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင်တည်ရှိလေသည်။ ထိုကျေးရွာတွင် ပအိုဝ်း လူမျိုးတို့ နေထိုင်ကြပြီး ရှေးဟောင်း သမိုင်း၀င်စေတီ မြောက်များစွာ စုဝေးရာနေရာလည်းဖြစ် ပါသည်။
ကက္ကူစေတီတော်များမှာ မြန်မာနိုင်ငံ နေရာ အနှံ့တွင် ဖူးတွေ့ရသော အခြားစေတီ၊ ပုထိုးများနှင့် ပုံစံမတူ ကွဲပြားပါသည်။ စေတီ၏ အခြား ပစ္စယာများက မကြီးမား၊ အထက်ပိုင်းကို ချွန်ထွက် မြင့်မား ရှည်လျားသေးသွယ်သော ပုံသဏ္ဌာန် ရှိသည့် စေတီများ ဖြစ်ကြပါသည်။ ထူးခြားသည်က စေတီ ထောင်ဂဏာန်း အရေအတွက်မှာ တစ်နေရာထဲ၊ တစ်စုတစ်ဝေးတည်း ပူးပူးကပ်ကပ် တည်ရှိနေသော စေတီ အဖွဲ့အစည်း ဖြစ်နေခြင်းကလည်း အခြားစေတီ များနှင့် မတူခြင်း ဖြစ်သည်။ ထိုစေတီ အစုအဝေးတွင် နှစ်ဆူသော အဓိကကျသည့် စေတီတော်တို့ကလွဲ၍ ကျန်စေတီ အားလုံးမှာ အရွယ်အစား၊ ကိုယ်လုံးတော်၊ ဉာဏ်တော်များက မတိမ်းမယိမ်း တူနေခြင်းကလည်း ထူးခြားနေပေသေးသည်။
ကက္ကူ ဆိုတာကို ပအိုပ်းဘာသာစကားနဲ့ ဖွင့်ဆိုရရင် ကက် ဆိုတာက စခန်း၊ ကူ ဆိုတာကနယ်ခြားလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ကက္ကူ ဆိုတဲ့အဓိပ္ပာယ်ကို ပအိုဝ်းဘာသာစကားနဲ့ ပြောရမယ်ဆိုရင် နယ်ခြားစခန်းကဘုရားဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုခေါ်ရသလဲဆိုတော့ မွေတော် ကက္ကူတည်ရှိနေတဲ့ ကက္ကူရွာဟာ ဆီဆိုင်စော်ဘွားပိုင်နယ်နဲ့ ညောင်ရွှေစော်ဘွားပိုင်နယ် အကြားမှာတည်ရှိနေသော ကြောင့် ဖြစ်ပါသည်။
ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးသည် ဒေဝါနံမပီယတိဿ ဘွဲ့အမည်ဖြင့် အထင်ရှားဆုံးမင်းတစ်ပါးဖြစ်လာခဲ့ပြီး တိုင်းနိုင်ငံအသီးသီးမှ ကြောက်ရွံ့လေးစားရသော မင်းတစ်ပါးလည်းဖြစ်ခဲ့သည်။ ဗုဒ္ဓသာသနာတော်ကို လွန်စွာသက်၀င်ယုံကြည်သော မင်းတစ်ပါးဖြစ်ပါသောကြောင့် ဗုဒ္ဓဘုရားရှင်၏သာသနာတော်ကို အရှည်တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်လို၍ “ရှင်မဟာမောဂ္ဂလိပုတတိဿ မထေရ်မြတ်” အား သံဃာ့နာယကအဖြစ်တင်မြောက်ပြီး ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး စသည့် ပစ္စည်း(၄)ပါးတို့အား လှူဒါန်းကာ ဒါယိကာအဖြစ်ခံယူ၍ ပါဋလိပုတပြည်၊ အာသောကရာမကျောင်းတိုက်၌ ရဟန်းပေါင်းတစ်ထောင်ဖြင့် ကိုးလတိုင်တိုင် ဓမ္မတရားတော်များကို စူပေါင်းရွတ်ဆိုပြီး “တတိယသင်္ဂါယနာ” တင်ပွဲကို ကျင်းပလေ၏။ တတိယ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့သည်။
စေတီပေါင်း(၈၄၀၀၀)ကို တည်ထားကိုးကွယ်လိုသောကြောင့် ဓါတ်တော်၊ မွေတော်များရရှိရန် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် မင်းကြီးသည် ရရှိခဲ့သော ဓါတ်တော်များကိုကိုးတိုင်းကိုးဌာနသို့ ပေးအပ်ပြီး ဋ္ဌာပနာပြုကာ စေတီပေါင်း (၈၄၀၀၀)တည်ထားကိုးကွယ််စေခဲ့လေသည်။ ဤမွေတော်ကက္ကူဓါတ်မြတ် ကျော်စေတီသည်လည်း မင်းကြီး၏ စေတီပေါင်း (၈၄၀၀၀)တွင်ပါ၀င်သော စေတီတစ်ဆူဖြစ်လေသည်။
ပုဂံခေတ်၊ အလောင်းစည်သူမင်း (အေဒီ၁၁၇၄-၁၂၁၁) သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းစည်သူမင်း လက်ထက်တွင် ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးသည်။
ကုန်းဘောင်ခေတ်ဦး ဘိုးတော်ဘုရားလက်ထက်တွင် ရှမ်း၊ဗမာ၊ပအိုဝ်း၊တောင်ရိုး၊ ကယန်းနှင့်အင်းသားစသော ညောင်ရွှေ၊ မိုးဗြဲ၊ မိုင်းပွမ်၊ ဆီဆိုင်ဒေသများမှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က သက်တူစေတီကို “ကက္ကူ မွေတော် ဓာတ်မြတ်ကျော်”ဟူသောဘွဲ့သစ် ဆက်ကပ်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၅၅ ခုတွင် သွန်းလောင်းလှုဒါန်းထား သောခေါင်းလောင်းစာအရလွန်ခဲ့သောနှစ်ပေါင်းတစ်ရာ ကျော်ကတည်းကပင် ကက္ကူ မွေတော်ဟု ခေါ်ဆိုကြောင်းသိရပါ၏ စေတီတော်၏ဘွဲ့တော်အမည်မှာ “ငါးမျိုး”ရှိခဲ့သည်။
(၁) မွေတော်ကက္ကူဘုရား၊
၁၈၉၃ ခေါင်းလောင်းစာမှာ စေတီအလယ်ကို ကက္ကူမွေတော်ဟု ခေါ်ဆိုကြောင်းသိရပါတယ်။ မွေတော် ကက္ကူ ဘုရားဟာခေါ်ဆိုရခြင်းမှာ ဂေါတမဘုရားရှင်၏ ဓါတ်တော်၊မွေတော်တို့ကိုဋ္ဌာပနာထားသော်လည်း ဘုရားစေတီ၏ ဘွဲ့အမည်ကိုမူ ပထမဦးဆုံးပွင့်တော်မူသည့် နောင်တော် ကကုသန်ဘုရားရှင်၏ ဘွဲ့အမည်ကိုယူ၍ “ကက္ကူ” မွေတော်ကို ဌာပနာထား၍ ”မွေတော် ကက္ကူ” ဟုဘွဲ့အမည်မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။
(၂) ရွှေ၀က်ကူးဘုရား
၁၉၇၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ခေါ်ဆိုကြောင်းသိရပါတယ်။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂ က စေတီကြီးကို ထီးတော်တင်ခဲ့သည်။ ရွှေဝက်ကူးဘုရားဟုခေါ်ဆိုရခြင်းမှာ အနောက်ဘက် မနီးမဝေးသော အရပ်တွင် တော၀က်များ ကျက်စားနေထိုင်သော တောအုပ် တစ်ခုရှိလေသည်။ ဤတော၀က်များထဲတွင် အမွေးအမျှင်၊အသားအရေ ရွှေရောင်တောက်ပနေသော အကြီးအကဲဝက်မင်းတစ်ကောင််ရှိလေသည်။ ထို၀က်မင်းသည် ညအချိန် ဤစေတီတည်ရှိရာနေရာသို့ရောက်လာကာ နှစ်ပေါင်းမြောက်များစွာကြာမြင့်ပြီး ခြတောင်ပို့များဖုံးလွှမ်း၍ မြေကြီးထဲတွင် နှစ်မြုပ်ပျောက်ကွယ်နေသော ရှေးဟောင်းစေတီအား မိမိအစွယ်၊ခြေလက်တို့ဖြင့် ကူးချည်သန်းချည် ယက်ထုတ်ရာမှ ပေါ်ထွက်လာခဲ့သည့်စေတီဖြစ်သောကြောင့်ရွှေ၀က်ကူးဘုရား ဟူ၍ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
(၃) ရွှေ၀က်ဂူဘုရား၊
(၄) သက်တူဘုရား၊
ခရစ်နှစ်(အေဒီ ၁၁၇၄-၁၂၁၁)တွင် နရပတိစည်သူမင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မြောင်း၊ကန်ချောင်းများတည်ဆောက်သည့်အပြင် သာသနာတော် အဓွန့်ရှည်တည်တံ့ပြန့်ပွားရန် စေတီ၊ဘုရား ၊ကျောင်းကန်များကို တည်ထားတော်မူသည်။ သိင်္ဂနက်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်ရာမှ ချောင်းအနီးစေတီဟောင်းရှိရာကုန်းထိပ်ကို မြင်တော်မူပြီး ဤကုန်းမြင့်ပေါ်တွင် စေတီဘုရားတည်ထားကိုးကွယ်မည်ဟု မိန့်တော်မူပြီး ဋ္ဌာပနာတိုက်ကို လေးဆယ်ငါးတောင်တူးတော်မူ၍ ရတနာမျိုးစုံ(၃၆)ပြည်၊ ဗုဒ္ဓဘုရားရှင်၏ ဓါတ်တော်၊မွေတော်တို့နှင့်တကွ ဋ္ဌာပနာသွင်းတော်မူပြီး (၁၂)တောင် အမြင့်ရှိသော ကြီးမား သည့်ကျောက်ဖျာကြီးဖြင့်် လုံခြုံစွာပိတ်ဖုံးစေလေသည်။ပြီးနောက်(၆)တောင်၊(၂)မိုက်၊(၂)သစ်ဥာဏ်တော်ပမာဏရှိ စေတီဘုရားကို တည်ထားတော်မူလေသည်။ဤစေတီတော်မြတ်သည် ငါ၏အသက်နှင့်ထပ်တူမြတ်နိုး၊ ရိုကျိူးသည်ဟူသောအဓိပ္ပါယ်ဖြင့် “သက်တူစေတီ” ဟုအမည် မှည့်ခေါ်စေခဲ့သော မင်းကြီး၏ ၁၁ဆူမြောက်ဘုရား ဖြစ်ပါသည်။( နရပတိစည်သူ”မင်းကြီး တည်ထားတော်မူပြီးနောက် ၁၇နှစ်အကြာတွင် စေတီတော်မှ ရွှေအဆင်းကဲ့သို့ ရောင်ခြည်တော်များကွန့်မြူးတော်မူသဖြငိ့ အနီးအပါးရွာများမှ ရွာသားများသိရှိကြပြီး တအံ့တသြဖြစ်ကာ ဖူးမျှော်သူ များပြားသွားလေ၏။ ထိုအကြောင်းကို မင်းကြီးကြားလေသော် သဒ္ဒါတရားကြည်ညိုလွန်း၍ နောက်ထပ်စေတီတော် ၁၇ဆူ တည်ပြန်လေသည်။
(၅)၊ရွှေဂူကြီးဘုရား ဟူ၍ဖြစ်သည်။
စေတီ ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ခန့်ရှိသည်။ဘုရားမှာပါရှိသော နတ်ရုပ်များနှင့် ခေါင်းလောင်းစာများကို ကြည့်ခြင်းအားဖြင့် ခရစ်နှစ် ၁၈၀၀ ဝန်းကျင်ကတည်ထားသောဘုရားများဖြစ်တယ်လို့ ခန့်မှန်းရပါသည်။သျှမ်းလိုရေးထားသော ခေါင်းလောင်းစာအရ ( ၁)ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည်။ (၂)၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇) (၃)ဆင်ခံဘုရားတဆူမှာ တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု
ကက္ကူတွင် တည်ထားသော မူလစေတီမှာ ပုဂံခေတ်က ဘုရင် နရပတိစည်သူ၏ ကုသိုလ်ဟု ဆိုကြသည်။ အရန်စေတီ ရာထောင်ဂဏာန်း အရေအတွက်မှာမူ ရှမ်းပြည်နယ်မှ ရွာစား၊နယ်စား၊ စော်ဘွားနှင့် ဒေသခံပြည်သူ အများကောင်းမှု ဖြစ်ပါသည်။ မူလ ပင်မစေတီကို အပေါ်မှ ထပ်ငုံ၍ တည်ထားသည်။ ထပ်ငုံ တည်ထားကြောင်းကို လက်ရှိစေတီ၏ ကိုယ်ထည်တော် တစ်နေရာတွင် မှန်ဖြင့် အပေါက်ပြု၍ အတွင်းမှ မူလစေတီကို မြင်သာအောင် နေရာ တစ်နေရာတွင် ပြုလုပ်ထားရာ ငြမ်းဆင်ချိန်များ၌ အတွင်းမူလ စေတီကို ယခုလည်း ဖူးတွေ့နိုင်ပါသည်။
ကက္ကူစေတီငယ်များရှိ ရုပ်လုံး ရုပ်ကြွများ၊ ကက္ကူစေတီ ငယ်များ၌ အင်္ဂတေပန်း၊ အင်္ဂတေ ရုပ်လုံးရုပ်ကြွများ စေတီတိုင်းတွင် ရှိသည်။ လက်ရာမှာ အင်းလေးဒေသရှိ အင်းတိမ်မှ စေတီများ၊ တောင်တိုမှ စေတီများ၊ စံကားတာခေါင်မှ စေတီများတွင် ရှိသည့် အင်္ဂတေပန်းများ၊ အင်္ဂတေ ရုပ်လုံးရုပ်ကြွများနှင့် လက်ရာတူ တွေ့ရပေရာ နှောင်းခေတ် ပင်းယခေတ်တွင် မွမ်းမံခဲ့သော လက်ရာများဟု ပညာရှင်များက ယူဆကြသည်။ ပုဂံခေတ်က လက်ဦးလက်မွန် ကောင်းမှုတော်များကို ခေတ်အဆက်ဆက်၌ ထပ်ဆင့် ကောင်းမှု ပြုလုပ်ခဲ့ကြပြီး ပင်းယ၊ အင်းဝခေတ် ကာလတွင် အစည်ကားဆုံး ဖြစ်ခဲ့ပေ လိမ့်မည်။
တည်ထားပုံ
ကက္ကူ မွေတော်၏ထူးခြားချက်မှာ ဆင်းတုစေတီနှင့်ရုပ်စုံစေတီများ တွဲလျှက်ဖူးတွေ့နိူင်ခြင်းဖြစ်ပါသည်။ ဆင်းတုစေတီဆိုသည်မှာ စေတီအတွင်း၌ ဂူငယ်လေးများနှင့်နှစ်ကျိပ် ရှစ်ဆူရုပ်ပွားတော်များ ကိုးကွယ်ပူဇော်ထားခြင်းဖြစ်ပါ၏။ ရုပ်စုံစေတီဆိုသည်မှာ သိကြား၊ဗြဟ္မာ၊ကိန္နရီ ကိန္နရာ၊ကြိုးကြာ၊ ကြက်တူရွေး၊ နဂါး၊ ရှဉ့်၊ ဘီလူး၊ တိုးနယားစသောအရုပ်များပါဝင်သောစေတီကို ခေါ်ပါ၏။
မွေတော်ကက္ကူဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတည်ရှိပါသည်။ ၂၀၀၁ ခုနှစ် စစ်တမ်းအရဆိုရင် မွေတော်ကက္ကူမှာ စေတီပေါင်း ၂၄၇၈ ဆူ ရှိပါသည်။ မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင် စု၍ တည်ထားခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားသည်။ ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများ ရှိသည်။ ဘုရားများ၏ နောက်တွင် နောင်မွန်အင်း ရှိသည်။ နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိပေ။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လ ဟုဆိုသည်။
ကက္ကူမွေတော် ၃၀၀၀
၁။ ကက္ကူမွေတော်အကြောင်း ဘိုးတော်ဘုရား (ပဒုံမင်း) ၁၇၈၅ – ၁၈၁၉ လက်ထက် ပေစာတစောင်မှာ ဖတ်ရဖူးတယ်လို့ ပြောစကား ကြားဖူးတယ်။
၂။ ၁၉၇၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ခေါ်တယ်။
၃။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂က စေတီကြီးကို ထီးတင်တယ်။
၄။ စေတီအလယ်မှာ ၁၈၉၃ ခေါင်းလောင်းက ကက္ကူမွေတော်ခေါ်တယ်။
၅။ စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။
၆။ စေတီအရေအတွက်ကို ဖေဖော်ဝါရီ ၂၀၀၁ က ရေတွက်တဲ့အခါ ၂၄၇၈ ဆူ ရှိတယ်လို့ စာတစောင်မှာပါတယ်။
ဒီလိုဆိုရင် ခရစ်နှစ် ၁၈၀ဝ လောက်ကလို့ ခန့်မှန်းရတော့မယ်လို့ ထင်မိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆလိုက်တယ်။
၁၂ မတ် ၂၀၀၃ နေ့လယ်က စိုင်းအောင်ထွန်းက တောင်ကြီးမြို့ ရေအေးကွင်း ရေထွက်ဦးလမ်းမှာနေတဲ့ ဖိလစ်စောတောက်ကို ခေါ်လာတယ်။ အဲဒီလူက ခရီးရောက်မဆိုက် ကက္ကူဘုရာထီးတွေက ရှမ်းလိုရေးတဲ့ ခေါင်းလောင်းစာတွေ ယူလာတယ်။ စာတွေကို သူတို့ဖတ်ပြီး ဘာသာပြန်ပေးတယ်။
စာတခုက – ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည်
နောက်တခုက – လူထွက်ဦးစိုင်းက သွန်းလုပ်ပူဇော်ပြီးစီးပါကြောင်း
နောက်ထက်တခုက – ၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇)
ဆင်ခံဘုရားတဆူမှာ – တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု
ဖိလစ်စောတောက် ကျေးဇူးကြောင့် တိကျတဲ့ ရက်စွဲတခု ရပြန်ပါတယ်။ ၂၇ ဖေဖော်ဝါရီ ၁၇၉၇။ ကက္ကူဘုရားတောက ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈၀ဝ ဝန်းကျင်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆက်လက်ယူဆဖွယ် ရှိပါတယ်။
ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် ဖောင်တော်ဆိုက်စေတီ အရံစေတီများသည် ၂၀၁၆ ခုနှစ် ဧပြီလ (၂၂)ရက် သောကြာနေ့ည၌ သဘာဝဘေးဒဏ်ကြောင့် ဆုတောင်းပြည့်အသောက စေတီတော်ကြီးသည် စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ငှက်ပျောဖူးတော် တို့သည် မြေခခဲ့ကြောင်းသိရသည်။ ယခုအခါ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် ထီးတော်တို့ကို ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်ပါသည်။ တစ်နှစ်လျှင် တန်ဆောင်မုန်းလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့ တို့တွင် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားစွာ ကျင်းပကြလေသည်။ တပေါင်းလပြည့်နေ့တွင်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်မှာ ပအိုင်းအမျိုးသားတို့၏ အမျိုးသားနေ့နှင့်တိုက်ဆိုင်ခြင်းတို့ကြောင့် ပို၍စည်ကားလေသည်။ ရှမ်း တိုင်းရင်းသားတွေနဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ပွဲကျင်းပချိန်ကမတူတဲ့အတွက် အစည်ကားဆုံးကာလဟာ နှစ်ချိန်ဖြစ်လို့နေတာကိုလည်းသိခဲ့ရပါတယ်။ မွေတော်ကက္ကူ ကို ဘရားဖူးလာဖို့ဖိတ်ခေါ်လိုက်ရပါတယ်။







