ပအိုဝ်းတိုင်းရင်းသား လူမျိုးများ အကြောင်း

ပအိုဝ်းတိုင်းရင်းသား လူမျိုးများ အကြောင်း

ပအိုဝ်းလူမျိုး သို့မဟုတ် တောင်သူလူမျိုး (ရှမ်း: ပဢူဝ်း; အရှေ့ပိုး: တံင်သူ; ကရင်: တီသူ) သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးဖြစ်ပြီး ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေ ၁,၄၀၀,၀၀၀ ခန့်ရှိသောလူမျိုး ဖြစ်သည်။[၁]ပအိုဝ်းလူမျိုး ~၈၂%သည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် အခြေချ နေထိုင်ကြသည်။ [၂]

ပအိုဝ်းလူမျိုး
ပအိုဝ်ႏစွိုးခွိုꩻ

🅿️ လူဦးရေ စုစုပေါင်း
၁,၄၀၀,၀၀၀ အထက်, အများစု နေထိုင်သည့် နေရာ မြန်မာနိုင်ငံ(အဓိက)၊ ထိုင်းနိုင်ငံ

🗣️ ဘာသာစကား
ပအိုဝ်းဘာသာစကား၊ မြန်မာဘာသာစကား

🙏🙏🙏 ကိုးကွယ်မှု

ထေရဝါဒ ဗုဒ္ဓဘာသာ

🧑‍🤝‍🧑 ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ကရင်လူမျိုး၊ကယားလူမျိုး

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စုဝင် ဖြစ်သည်။
ဒဏ္ဍာရီပုံပြင်များအရ ပအိုဝ်း တိုင်းရင်းသားများသည် ဝိဇ္ဇာနှင့် နဂါးမတို့ ချစ်ခင်စုံဖက်ရာမှ ဆင်းသက်လာသည်ဟု ဆိုသည်။
ပအိုဝ်းလူမျိုး(ပအိုဝ်ႏခွိုꩻ)တို့သည် ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုး ဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံး၌ ထက်ဝက်ခန့်စီ ပါဝင်သည်။ သို့သော် မူလက တောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍လည်း တောင်သူဟူ၍ ခေါ်ဝေါ်ဟန်တူသည်။(တောင်သူနာမည်သည် ပအိုဝ်းလူမျိုးတို့၏ ရှေးအမည်ဖြစ်ပြီး ယခုထက်ထိ ရှမ်း(တွင်သူ) ကရင်(တီၤသူ၊တံင်သူ) မွန်(တံင်သူ) ဟုဆက်လက်ခေါ်ဆိုနေသည်။

အမျိုးအစားခွဲခြားခြင်း
ပအိုဝ်းလူမျိုး သည် အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် နေထိုင်ကြသော တိဗက်-ဗမာ လူမျိုးအုပ်စုတစ်စု ဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် ကရင်များနှင့် နီးစပ်သည့် ယဉ်ကျေးမှုအလက္ခဏာများ ရှိသည်။

@Khun Kyaw Tun Win #ethnic #pao #knowledge

Leave a Reply

Your email address will not be published. Required fields are marked *