
တန်ဖိုးထားမှုလေးပါပဲ
ရေစက်ကြောင့်ပဲဆုံဆုံ၊ ဖူးစာပါလိုဖြစ်ဖြစ် ကိုယ်နဲ့ပတ်သတ် ဆက်နွယ်နေတဲ့ အခိုက်အတန့်မှာ လေးစားမယ်၊ တန်ဖိုးထား မယ်၊ ဂရုစိုက်မယ်၊ ကြင်နာမယ်။
ချစ်တယ်လိုပြောမိတဲ့စကားနဲ့ညီအောင်လည်း အချစ်ခံရတယ် ဆိုတဲ့ ခံစားချက်ဖြစ်အောင်ထိလည်း အတတ်နိုင်ဆုံး ထားပေး မယ်။
တန်းဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ကိုယ်ပေးနိုင်သမျှ လေးတွေက အမ်းတာလည်းမဟုတ်သလို၊ ပိုလျှံနေလို၊ ပေါများ နေလိုလည်း မဟုတ်ဘူး။
ကိုယ်နိုင်တဲ့အားလေးနဲ့ အလေးထားတယ်ဆိုတဲ့ ပျော်ရွှင်မှု လေး ခံစားမိစေချင်တဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချစ်ကြောင်းပြ တဲ့ တန်ဖိုးထားမှုလေးပဲ။
နောက်ဆုံးမှာ အကြောင်းကြောင်းကြောင့် လမ်းခွဲမိရင်တောင် ကိုယ့်အကြောင်းတွေးမိလိုက်တာနဲ့ ဒဏ်ရာနည်းခဲ့တယ်၊ ပျော် ရွှင်ခဲ့ရတယ်။ အချစ်ခံဖူးတယ်ဆိုတဲ့ ကြည်နူးမှုလေးတွေသာ ခံစားမိစေချင်တာရယ်…။
ကိုယ့်ရဲ့ချစ်ခြင်းက မပိုင်ဆိုင်ရလိုလည်း အများကြီး နာကျင်မိမှာ မဟုတ်ဘူး။
ပိုင်ဆိုင်နိုင်ရရင်လည်း အနိုင်မယူလိုဘူး..။